လတ်တလောမှာ လိပ်ပြာမနိုးသေးတဲ့ ရန်ရန်ချန်း ရဲ့ အနေအထား

အက်ဆစ်အဖွဲ့သားတစ်ဦးဖြစ်တဲ့ ရန်ရန်ချန်းကိုလွန်ခဲ့သော တစ်လခန့်က Ah Boi +Cindy တို့ရဲ့သမီးလေးမွေးနေ့မှာတွေ့ဆုံ ဖြစ်ပါတယ်။
သူငယ်ချင်းများကလဲ..အရင်ကလိုပဲ နွေးထွေးစွာ ကြိုဆိုကြတာမို့ ၀မ်းသာနေပုံလဲရပြီး စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်နေတာမို့ သူ့ကို နှူတ်ဆက်ရုံသာ
စကားပြောဖြစ်ပြီး ၊အင်တာဗျူးအတွက် အခုတစ်ပတ်မှ တွေ့ဖြစ်ပါတယ်...။
"ကျွန်တော် သီချင်းမဆိုချင်သေးဘူး..သီချင်းပဲရေးနေချင်ပါတယ်။ ခုထိတော့ လိပ်ပြာမနိုးသေးဘူးပေါ့...ဒါကြောင့်ကြည့်ချင်တဲ့ခွေကြည့်..
သီချင်းနားထောင် ဒါပဲလုပ်ဖြစ်ပါတယ်.။ဒီကြားထဲမှာ မန္တလေးကို ဘုရားဖူးထွက်ရင်း IC ရှိုးပွဲသွားကြည့်တယ်..။ဒီလောက်ပါပဲ...။
Ah*Boi နဲ့ Cindy တို့ရဲ့ သမီးလေး Juliet ရဲ့တစ်နှစ်ပြည့်မွေးနေ့ မှာ အနဂ္ဂနဲ့ တွေ့တော့ စကားပြောဖြစ်လားဆိုတော့..
တခြားစကားတော့ ပြောဖြစ်ပါတယ်...။အလုပ်အကြောင်းမပြောဖြစ်ပါဘူး..။အနဂ္ဂ လဲသူ့ဘာသူအလုပ်ရှုပ်နေ ပါလိမ့်မယ်..။
ပရိသတ်နဲ့ အဆက်ပြတ်သွားတဲ့ ၈လ လောက်မှာ ရခဲ့တဲ့ ဗဟုသုတတွေ ကတော့ အများကြီးပါပဲ..ဘ၀အတွေ့အကြုံတွေကို..အခြေခံပြီး
သီချင်းရေး ပါဦးမယ်..။ခုတော့လိပ်ပြာ မနိုးသေးဘူးလို့ပဲ ပြောပါရစေတော့ " လို့ပြောရင်း..
ကျွန်တော် ဆိုမယ့် သီချင်းအမျိုးအစားကို လည်း Hiphop ခေါင်းစဉ် မတတ်ချင်တော့ပါဘူး...ကျွန်တော်ဆိုရင် ကျွန်တော့ပုံစံလို့ပဲ သတ်မှတ်စေချင်ပါတယ်.။ Hiphop ရဲ့မျိုးဆက်တွေ တစ်ခုပြီး တစ်ခုပေါ်နေတဲ့ အပေါ်အမြင်ဆိုရင် စီးရီးမထွက်နိုင် ကြတဲ့အခါ ..
သူတို့ ကြိုးစားထားတာ လေးတွေအရာထင်ချင်ကြတယ်..ပရိသတ်ရဲ့ သဘောကလည်း..စင်ပေါ်ကနေ ဖျော်ဖြေတဲ့ အဆိုတော်ရဲ့ အနေအထား
နဲ့ အပြောင်းအလဲဖြစ်တတ်ပါတယ်...။မျိုးဆက်တစ်ခု နဲ့ တစ်ခုအကြား..ပထမ၊ဒုတိယ ဆိုပြီးခွဲလိုက်တဲ့အခါ..သူ့အုပ်စုနဲ့ သူ့အကန့် အသတ်နဲ့
သူဖြစ်သွားတာပါပဲ..။ ပြီးတော့ကိုယ်ရေးချင်တာ ရေးနေတာကလည်း ပြသနာဖြစ်စေပါတယ်..။ဒီလောက်ပဲပြောချင်ပါတယ်....။
t.m.s
Cited by M.H.A Fan Club
RSS Feed
A collection of instrumentals from the late, beloved producer J Dilla will be hitting stores next month.





