NOTORIOUS in theater 16.1.09

Notorious B.I.G ဆိုတာဘယ်သူလဲ လို့ပြန်ပြောနေဖို့ လိုမယ်မထင်တော့ပါဘူး။
ခင်ဗျားတို့ ကျွန်တော်တို့အပါအ၀င် ကမ္ဘာတ၀န်းက Hiphop ချစ်သူတွေ၊ရူးသွပ်တဲ့သူတွေအတွက် သူဟာနတ်ဘုရားတပါးလိုပါပဲ.။
သူ့ရဲ့ထူးခြားတဲ့ အသွင်အပြင်..မာန်ပါတဲ့အသံ..လှပသေသပ်ပြီး စည်းချက်ကျကျကာရံရွတ်ဆိုပုံတွေဟာ ဒီနေ့ထိ မရိုးနိုင်သေးပဲ ..
သူ့ကာရံတွေ၊စာသားတွေဟာ သင်ရိုးညွှန်းတမ်းတွေအဖြစ်မျိုးဆက်သစ် MC တွေ ရဲ့ရင်ထဲလွှမ်းမိုးထားဆဲပါ ။
ဒီ Brooklyn က နတ်ဘုရားကြီးရဲ့ ရာဇ၀င်ကို Fox Search Light Film Company က ရုပ်ရှင်အဖြစ် ရိုက်ကူးလာတာ ဒီ January 16th မှာရုံတင်တော့မှာပါ..။
လမ်းမပေါ်ကစခဲ့သူ့ဘ၀က သုညကနေ Newyork မြို့ရဲ့ဘုရင်တပါးလို ခမ်းနားစွာ အောင်မြင်လာပုံတွေ၊ နောက်ဆုံး အအောင်မြင်ဆုံးအချိန်မှာဗဟေဠိဆန်ဆန်သေဆုံးခဲ့ပုံတွေကိုဒီကားမှာကြည့်ရမယ်လို့သိရပါတယ်..။
Biggie ရဲ့ ငယ်ဘ၀၊ သူ့ရဲ့ဂီတလှူပ်ရှားမှူ၊ ၉၀ခုနှစ်တွေက New York မြို့ကရပ်ကွက်တွေအကြောင်း..
အချစ်၊အလွမ်း၊အကြမ်းတွေကြားမှာ ပြိုင်ဆိုင်မှုတွေကြားမှာ ဖန်တီး ထိုးဖောက်နိုင်ခဲ့တဲ့ သူရဲ့ဘ၀ကို
Reggie Rock Bythewood , Cheo Hodari Coker ရေးသားတဲ့ဇာတ်လမ်းကို ဒါရိုက်တာ George Tillman Jr. က ရိုက်ကူးတင်ဆက်ပြီး
FOX Search Light Picture ကထုတ်လုပ်တာပါ..။

ဒီကားမှာ Jamal Woplard က The Notorious B.I.G -aka Biggie Small အဖြစ်သရုပ်ဆောင်ထားပါတယ်..။
2pac, PuffDaddy, Lil'Kim, FaithEvans တို့နေရာမှာ Anthony Mackie, Derek Luke ,
Naturi Naughton, Antonique Smith တို့က အပြိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်..။

ဒါတွေကတော့ ဒီကားနဲ့ပတ်သတ်တဲ့ Link တွေပါ...

http://www.foxsearchlight.com/notorious/

http://www.vibe.com/notorious09/

http://www.myspace.com/notoriousbig

http://www.hiphopgalaxy.com/Notorious-Movie-Trailer-hip-hop-7494.html




ဒီ NOTORIOUS ဇာတ်ကားရဲ့
Sound Track ကလဲ Jay-Z, JadaKiss တို့အပြင် BIGGIE ရဲ့နံမည်ကျော် TRACK တွေပါဝင်မယ်လို့သိရပါတယ်။

ဒီမှာ Sound Track List ပါ

1. “Notorious Thugs” (featuring Bone Thugs-N-Harmony)
2. “Hypnotize”
3. “Notorious”
4. “Juicy”
5. “Party & Bullsh–”
6. “Warning”
7. “One More Chance” remix (featuring Faith Evans)
8. “Brooklyn Go Hard” (Jay-Z featuring Santogold)
9. “Letter to B.I.G.” (Jadakiss featuring Faith Evans)
10. “Kick in the Door”
11. “What’s Beef”
12. “World Is Filled”
13. “One More Chance” (featuring CJ)
14. “The Notorious Theme” (composed by Danny Elfman)
15. “Microphone Murderer” (previously unreleased demo)
16. “Guaranteed Raw” (previously unreleased demo)
17. “Love No Ho” (previously unreleased demo)

ဒီ ၁၆ ရက်နေ့ဆို Us မှာရူံစတင်နေပါပြီ...ဒီမှာတော့ မကြာခင် ကြည့်ခွင့်ရနိုင်မယ်လို့ မျှော်လင့်ရင်း....





Thuta ILL (Cyclone)
*I_AM_WHAT_I_AM*

R&Bအဆိုတော် Rihanna လက်ထပ်တော့မည်လား

စေ့စပ်လက်စွပ် ၀တ်ဆင်ထားသည့် ရီဟန်နာ(Rihanna)ကြောင့် သူမလက်ထပ်တော့မည်ဆိုသော သတင်းများအား ပိုမိုသေချာလာစေခဲ့သည်။ အသက်(၂၀)သာရှိသေးသည့် နာမည်ကျော် R&Bအဆိုတော်သည် လက်တွင် စိန်လက်စွပ်ကြီးတစ်ကွင်း ၀တ်ဆင်ထားခြင်းကြောင့် အသက်(၁၉)နှစ်အရွယ် အဆိုတော်ချစ်သူ ခရစ်ဘရောင်းနှင့် လက်ထပ်ရန် အဆင်သင့် ရှိနေပြီဟု သူမ၏ ပရိသတ်များက ခန့်မှန်းခဲ့ကြသည်။ Umbrella သီချင်း အဆိုတော်မလေးသည် နှစ်သစ်ကူးနေ့ နံနက်စောစောတွင် ဆိုဟိုရှိ Movida နိုက်ကလပ်မှ ကသုတ်ကရတ် ထွက်လာစဉ်အတွင်း သတင်းထောက်များက သူမ၏လက်မှ လက်စွပ်ကို အမိအရ ဓာတ်ပုံရိုက်ထားနိုင်ခဲ့သည်။




(လက်စွပ်နှင့်အတူတွေ့ရသည့် Rihanna) (Rihannaနှင့်သူမ၏ချစ်သူ)

ဘာဘေဒိုးဇာတိ အဆိုတော်မလေး၏ မိတ်ဆွေများက ရီဟန်နာနှင့် ခရစ်တို့သည် စေ့စပ်ပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လက်ထပ်ရန် စီစဉ်ထားခြင်း ရှိမရှိကိုမူ အသေအချာ ပြောဆိုခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ရီဟန်နာတို့ ချစ်သူနှစ်ဦးသည် (၂၀၀၇)ခုနှစ်ကတည်းက တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး သူမတို့နှစ်ဦးကြား နားလည်မှုမှာ အလွန်ခိုင်မြဲကြောင်း ရီဟန်နာက ပြောဆိုခဲ့ဖူးသည်။ ရီဟန်နာ၏ Disturbia အယ်လ်ဘမ်သည် ဗြိတိန်၏ ထိပ်ဆုံးနံပါတ်(၃) တစ်ကိုယ်တော်အယ်လ်ဘမ်အဖြစ် စာရင်းပေါက်သည်အထိ အောင်မြင်ခဲ့ဖူးပြီး ရီဟန်နာသီဆိုသော သီချင်းအချို့ကို ခရစ်က ရေးပေးခဲ့ဖူးကြောင်း သိရှိရသည်။ သူမ၏ ပရိသတ်များအနေနှင့် သူမနှင့်ခရစ်တို့ လက်ထပ်မည်ကို လိုလားနေကြောင်း သဘောပေါက်သော်လည်း မည်သည့်အချိန်တွင် လက်ထပ်ဖြစ်မည်ကို အသေအချာ မပြောနိုင်သေးကြောင်း ရီဟန်နာက ပြောဆိုခဲ့ဖူးသည်။

Source: Planet.com.mm