SOS!!!!!.Check this Shit about 20th MARCH *HIPHOP SHOW
အခုလာမယ့် မတ်လ ၂၀ . ၁၀တန်းစာမေးပွဲအပြီးမှာ Hiphop ရှိုးရှိပါတယ်..။ဒီရှိုးနဲ့ပတ်သတ်ပြီး ကျွန်တော် သုတအေး သတ်သတ်အမြင်နဲ့ပဲပြောပါရစေ...
ဘာလို့လဲဆိုတော့ ကျွန်တော်အမြင်နဲ့ သူများတွေအမြင်နဲ့ မတူနိုင်လို့ပါ..။
လွန်ခဲ့တဲ့ ၁လ လောက်က မန္တလေးက ခင်တဲ့သူငယ်ချင်းဆီကတစ်ဆင့် ပွဲစီစဉ်ချင်တယ်ဆိုပြီး..လာပါတယ်...။ကျွန်တော်တို့လဲပျော်တာပေါ့ဗျာ..
ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတာ ဒီလိုရှိုးပွဲပဲ ရှိတာဆိုတော့..ဈေးစကားပြောဆိုပြီးပျောက်သွားခဲ့ပါတယ်...သူပြောသလို ဖေဖော်ဝါရီလကုန်လုပ်မယ်
ဆိုပြီးမပေါ်လာတော့ ပွဲမဖြစ်ဘူးဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်..။
လွန်ခဲ့တဲ့တစ်ပါတ်လောက်က ပြန်ဆက်သွယ်ပြီး ပွဲဖြစ်တယ်ဆိုတော့ .၁၀တန်းအပြီးဆိုတော့..ပိုပြီးဖျော်ဖြေဖို့အားရှိသွားတယ်...ကျွန်တော်တို့ တွေ
နဲ့ပတ်သတ်တဲ့သူတွေ...။ခင်မင်တဲ့သူတွေ..ပါမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့...။စရံထုတ်..ဂျလန်း...အားမွေးရင်းနဲ့ ဒီပွဲဖို့ပြင်ဆင်နေခဲ့ပါတယ်..။
သီချင်းအသစ်တွေဆိုမယ်...ဘာလုပ်မယ်..ညာလုပ်ကြမယ်ပေါ့...။
ဒီလိုနဲ့ ဟိုတစ်နေ့ ကမှ ကျွန်တော်တို့ MHA ထဲက မိသားစုဝင်ညီကိုတစ်ယောက်က MHA နှစ်ပတ်လည်ရှိုးလုပ်မယ်ဆိုတော့ ကျွန်တော်တို့တောင်
ဟာသလုပ်ပြီး ရီကြသေးတယ်..နောက်မှ သူက ဘုတ်တင်ထားတယ်လေ..Cyclone လဲပါတယ်မလားဆိုမှ...အားလုံးစားကုန်တယ်..လာပြောတဲ့
သူငယ်ချင်းက သူတို့တော့မပါဘူး...တကယ် MHA ကစီစဉ်တာမဟုတ်တာသိတယ်..သွားကြည့်ဦးဆိုလို့ ကျွန်တော်တို့ ဗဟန်း.ဖူဆန်နားကို
ဒိုးပြီး ကြည့်လိုက်တော့ ...အား ပါး ပါး...ဘုတ်ကတော့ အလန်းစားပါ...။ ကျွန်တော်တို့ MHA ကရော..တခြားကျွန်တော်တို့ကိုပုတ်ခတ်လေ့ရှိတဲ့
တခြားအဖွဲ့ ကလူတွေရော...ဒီနေ့ နံမည်ကြီးနေတဲ့ တခြားအဆိုတော်တွေရောပါနေတာတွေ့ရတယ်...။ ပုံမှာလဲ..ဗဟေဌိဆန်ဆန်???နဲ့ပုံပါ..ထည့်ထားပြီး..လူစိတ်ဝင်စားအောင် လုပ်ထားပါတယ်...။(ဒီပုံကိုနောက်နေ့ တင်ပါမယ်)
ကျွန်တော်ပြောချင်တာကတော့...ဒီပွဲကို စီစဉ်သူသည် ကျွန်တော်တို့ အဖွဲ့တွေအားလုံးကို ဘာမှအကြောင်းမကြားပဲ..ဒီလိုရုပ်တည်နဲ့ ပုံမှားရိုက်
ထားပါတယ်..။ MHA ဆိုတာ မိုးထိအောင် လား...မဟာလား....မလှအေးလား...ခေါ်ချင်သလိုခေါ်..ယူချင်သလိုယူ...သုံးနှုန်းလို့ရတဲ့ အရာမဟုတ်ပါဘူး.။
ဒီအောက် မှာ MHA. ဆိုတဲ့ခေါင်းစဉ်အောက် မှာ လှုပ်ရှားနေတာ..စင်ပေါ်ကလူတွေ..နံမည်ကြီးလူတွေချည်းမဟုတ်ပါဘူး...ဒီအုပ်စုတွေပဲမဟုတ်ပါဘူး..
Myanmar Hiphop Association ဆိုတဲ့ နံမည်အတိုင်း ဒီနိုင်ငံမှာ Hiphop ဂီတကိုအဆင့်အတန်းမြင့်လာပြီး..ဒီ Cultureကြီးထွားလာအောင်
လှုပ်ရှားဖို့ရည်ရွယ်ပြီး...HIPHOP သင်္ကြန်ရောက်ပြီ အခွေမှာ ဒီနံမည်ကိုတရားဝင်တတ်ပြီးလှုပ်ရှားလာခဲ့တာ ခုချိန်ထိပါပဲ..စစချင်း
ကျွန်တော်တို့လက်လှမ်းမှီရာ အချင်းချင်းအင်အားစုလေးတွေကနေ..အခုဆိုဘယ်လောက် ကျယ်ပြန့်နေပြီဆိုတာကျွန်တော် ပြန်မပြောတော့ပါဘူး..
ဒီခေါင်းစဉ်အောက်မှာ.. 1st Generation - ACID,Theory ကနေ နောက်ဆုံးလှုပ်ရှားနေတဲ့..လမ်းမပေါ်ကညီကိုတွေ..UG မှာရှိတဲ့ အဖွဲ့ တွေ..ထိ
လှုပ်ရှားနေတာပါ...ဒီနံမည် ကိုဝိုင်းအရောင်တင်ပေးနေတာပါ...
ဒီလိုလုပ်ခွင့်မရှိပါဘူး...စီးပွားရေးသမားတွေကြောင့် ခုလောလောဆယ် ဂီတလောကတစ်ခုလုံး..အဖတ်ဆယ်မရအောင်ပျက်ဆီးနေပါပြီ..ဒီလူတွေ
ဟာ ငါးပွက်ရာ ငါးစာချရင်း လုပ်စားနေကြတာ..အားလုံးအသိပါ...။သူတို့ပါ သူတို့စီးပွားရေး လုပ်တာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး..လုပ်ပါ..။
ဒီတစ်ခါတော့ .... လုပ်တာ ကရုပ်ပျက်ကြီးပါ..။ဒီလိုမျိုး လူတွေဆီက အခကြေးငွေနဲ့ ယူပြီး လုပ်တဲ့ရှိုးတွေကျွန်တော်တို့ထဲက လုပ်မယ်ဆိုရင်တောင်
ခေါင်းစဉ်ကို ဒီလိုမတတ်ပါဘူး..အချင်းချင်းနားလည်မှုနဲ့ ဒီလိုအသုံးမပြုကြပါဘူး...။ဒါကျွနတော်တို့ကြားက သတ်မှတ်မထားတဲ့စည်းပါ..။
ဒီလို နားလည်မှုတွေနဲ့ လက်တွဲလာခဲ့လို့ ဒီလိုခရီးပေါက်လာတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..။
ဒီပွဲမှာ..ကျွန်တော်တို့ MHA ထဲကလူတွေလူစုံမပါပါဘူး....။ ပိုက်ဆံမပေးပဲ ဆိုမယ်ဆိုရင်တော့ပေးဆိုမယ် ဆိုတဲ့ အချိုးတွေလုပ်ပါတယ်..စစချင်း
ရိုးရိုးပွဲ ပဲထင်မှတ်ပြီး ကျွန်တော်တို့လဲငြိမ်နေပါတယ်..။အခုလိုမျိုးလုပ်တာ က မလှိမ့်တပတ်လုပ်ပြီး ခင်ဗျားတို့ကိုညာတာပါ..ဒီပွဲစီစဉ်သူလူလည်လုပ်
တာပါ...ဒီကိစ္စကို ဒီလူနဲ့ရှင်းပြီးတဲ့အခါသေချာ ပြန်ပြီးကျွန်တော်ရေးပါမယ်..။လောလောဆယ်တော့ အဓိကပြောချင်တာ........
ဒီပွဲနဲ့ ပတ်သတ်တဲ့ အကျိုးအကြောင်း..အဆိုးအကောင်း တွေသည်ကျွန်တော်တို့ ဒီ M.H.A အောက်မှာလှုပ်ရှားနေသူတွေနဲ့ မဆိုင်ပါဘူး...။
ဒီ ပွဲနဲ့ ပတ်သတ်ပြီး ကြော်ငြာထားတဲ့ဆိုင်းဘုတ်တွေမှာ ရေးထားသလို M.H.A ပွဲမဟုတ်ပါဘူး..ဒါကိုခင်ဗျားတို့ ကိုသိစေချင်တာပါ...
ရိုးရိုးသာမန် ၁၀တန်းအပြီးပျော်ပွဲရွှင်ပွဲ Hiphop Show ပါ...ရိုက်စားလုပ်ပြီး ဒီလိုကြော်ငြာထားတာပါ..။
ခုလောလောဆယ်ဆယ်တော့ ဒါပဲပြောနိုင်ပါသေးတယ်...
ကျေးဇူးတင်ပါတယ်..။
*MHA-4EVER*
Mr.INFAMOUS
RSS Feed


0 Response to "SOS!!!!!.Check this Shit about 20th MARCH *HIPHOP SHOW"
Post a Comment
Comment Here..