THE TWO LEGENDS OF HIP HOP
Hip Hop ကိုတကယ်ကြိုက်တဲ့လူငယ်တိုင်း TUPAC SHAKUR နဲ့ NOTORIOUS BIG ကိုသိကြမှာပါ..ခု BIGGIE ကြီးရဲ့ ရုပ်ရှင်လဲ ထွက်
လာပြီ..ကျွန်တော်တော့မကြည့်ရသေးဘူးဗျ download လုပ်ရမှာပျင်းနေလို့ ဒါပေမယ့်သူ့ ရုပ်ရှင် ထွက်လာတော့စိတ်ကူးတစ်ခုရတာနဲ့ ဒီ blog ကိုတင်လိုက်တာ... WestCoast ကဘုရင် Tupac နဲ့KING OF NEW YORK လို့တင်စားခေါ်ကြတဲ့ Biggie Small အကြောင်း သိသလောက် လက်ဆော့ကြည့်မလို့ မှားနေရင်လဲ ၀ိုင်းပြင်ပေးကြနော်..
ခေါင်းမှာ ဘာမှမမြင်ရအောင် 8 ကြီးစွပ် .. electric chair ပေါ်မှာလက်တွေခြေထောက်တွေကိုကြိုးတုပ် ခံထားရတဲ့လူ ပုံဟာ DEATH ROW RECORD ရဲ့ logo ပါ ..အဲ့ဒီ့ DEATH ROW ဓာတ်ပြားတိုက်ဟာ ခုလူတိုင်းကြိုက်နေကြတဲ့ Dr.dre, SNoop Dogg, TUpac shakur တို့လို့အောင်မြင်ကျော်ကြားလာအောင် လုပ်ပေးခဲ့တဲ့ ဓာတ်ပြားတိုက်ပေါ့ သူ့ရဲ့ logo ကလဲ Gangster Rap artist တွေကို တော်တော်ကြီးကိုယ်စားပြုခဲ့တယ်.. 1990 မတိုင်ခင်ကတော့ Rapper တစ်ယောက်ဟာ တကယ်gang ရှိရှိ မရှိရှိ. သူတို့ရဲ့ Public Photo တွေဟာ အရမ်းကြမ်းတမ်းတဲ့ design တွေကြီးပဲ.. ဒါပေမယ့် 1990 ပြည့်ပတ်ဝန်းကျင်မှာ..hip hop ဟာတအားကိုအားကောင်းလာတယ် ... အထူးသဖြင့် Gangster rap တွေအားကောင်းလာပြီး...Gang တွေကြမ်းတမ်းမှု့တွေ ပစ်တာခတ်တာတွေဟာ..rapper တွေကြားမှာ တကယ်ဖြစ်လာခဲ့တယ်... Beating တွေကိုပိုကောင်းအောင် လုပ်လာတယ် Beef လုပ်တာတွေပိုခေတ်စားလာတာကနေစပြီး..အဲ့ဒီ့ violent တွေစလာခဲ့တာပါ..ကမ္ဘာ
ပေါ်မှာ ခုချိန်ထိမပြီးဘူးလို့ယူဆလို့ရတဲ့ East Coast နဲ့ West coast စစ်ပွဲကတော့ တောင်ပိုင်း California အခြေစိုက် Death Row Record နဲ့ America ရဲ့ East Coast ပိုင်းဖြစ်တဲ့ New York အခြေစိုက် Bad Boy Record ကနေ စခဲ့တာပါ..စကားလုံးစစ်ပွဲကနေ စလိုက်တာ..ပစ်ကြခတ်ကြ အထိဖြစ်လာကြတယ်...အဲ့ဒီ့ထဲမှာ ခုချိန်ထိကျွန်တော်တို့အတွက် HERO ဖြစ်နေတဲ့.. Rivalary Rapper နှစ်ယောက် Tupac နဲ့ BIggie တို့ရဲ့ အကြောင်းကတော့အထင်ရှားဆုံးနဲ့..လူအသိအများဆုံးပဲ..
နှစ်ယောက်လုံးရဲ့ဖြစ်ပုံကတော်တော်တူတယ်ဗျ..သူတို့ရဲ့ကားရှေ့ခန်းမှာထိုင်နေရင်း အချက်ပေါင်းများစွာ အပစ်ခံခဲ့ရတယ်.. နှစ်ယောက်လုံးဟာ အဲလိုအပစ်ခံရပြီးတာနဲ့..ဆေးရုံကိုပို့ခံရတယ်.. Biggie ကတော့ဆေးရုံရောက်ရောက်ချင်းမှာ သေသွားပြီး... tupac ကတော့ဆေးရုံရောက်ပြီး ၆ ရက်အကြာမှာသေတယ်...အပစ်ခံခဲ့ရတဲ့နေရာတွေကလဲ America ရဲ့တကယ့်ကိုလူစီတဲ့နေရာတွေမှာအပစ်ခံခဲ့ရတာ.. Tupac က East Coast က Las Vegas မှာအပစ်ခံခဲ့ရပြီး ..Biggie က LA မှာအပစ်ခံရတယ်..အဲ့ဒီ့အမှု့နှစ်ခုလုံးအတွက် မျက်မြင်သက်သေတွေက ကြွက်တွေကို မကူညီခဲ့ဘူး..တစ်ချို့ စာအုပ် တွေကတော့LA base gang နှစ်ခုဖြစ်တဲ့ Blood and Crip ဆိုတဲ့ gang နှစ်ခုက တစ်စိတ်တစ်ဒေသပါတယ်လို့ ပြောတယ်..အဲ့ဒီ့ gang နှစ်ခုက အကြောင်းကျွန်တော်သေချာမသိသေးဘူးဗျ သိပ်လဲနားမလည်သေးဘူး..သိတဲ့လူရှိရင်လဲ share ကြပါဗျာ..
နှစ်ယောက်လုံးဟာ Gangster rapper တွေကြားမှာ..ပိုးစိုးပက်စက်နာမည်ကျော်ကြားခဲ့တာပါ..2pac က Death Row ရဲ့ BEST SELLER ဖြစ်ခဲ့သလို Biggie က Bad Boy မှာ SUPER STAR ပဲ ..ထူးဆန်းတာက နှစ်ယောက်လုံးကသူတို့မသေခင်မှာ..သူတို့ရဲ့ Record တိုက်တွေက နေစွန့်ခွာဖို့ကြိုးစားခဲ့ တယ်..Tupac က death row နဲ့ သူနဲ့ကြားက relationship ကိုဖြတ်ဖို့လုပ်ခဲ့ပြီး.. ကလေးနှစ်ယောက်ရှိတဲ့ biggie ကတော့ဒီအလုပ်ကို လုံးဝရပ်လိုက်တော့မယ်လို့ပြောခဲ့တယ်...နောက်တစ်ခုတူတာက သူတို့ နှစ်ယောက်လုံး ပစ်ခံရတော့ သူတို့ရဲ့ ဓာတ်ပြားတိုက်က CEO တွေဟာ သူတို့နဲ့အတူတူရှိခဲ့တယ်...2pac ကိုပစ်တုံးက Death Row CEO Suge Knight က 2pac နောက်မှာရှိခဲ့ပြီး ခေါင်းကိုကျဉ်ဆံ ရှပ်ထိသွားခဲ့တယ် 2pac နဲ့ အတူတူဆေးရုံရောက်ခဲ့တယ်.. Biggie ကိုပစ်တုံးက Bad Boy ရဲ့ CEO Puffy Combs(a.k.a. Puff Daddy and P. Diddy) ဟာ Biggie နဲ့အတူတူရှိနေခဲ့ပြီး...Puffy ဟာသူတို့ရဲ့ကား ကို LA မြို့မှာရှိတဲ့ Cedar-Sinai Hospital ကို တိုက်ရိုက်
သွားခိုင်းခဲ့တယ်.. သူကိုယ်တိုင်လဲ Emergency Room ထဲရောက်ပြီး Biggie အတွက် ဆုတောင်းပေးခဲ့ပေမယ့်.. သူဆုတောင်းမပြည့်ခဲ့ဘူး... သူတို့သေတဲ့အချိန်ကနေစပြီး ကြိုးစားလာလိုက်တာ နှစ်တွေကြာပြီး ကောလဟာလတွေသာများလာတယ်..ဘယ်သူသတ်တယ်ဆိုတာကို ခုထိမသိရသေးပါဘူး..တချို့တွေကတော့ 2pac ကို Biggie က သတ်ခိုင်းတာလို့ပြောပြီး Biggie ကတော့ Death Row ရဲ့သစ်စာခံတွေနဲ့ Blood gang က member တွေသတ်တာလို့ပြောကြတယ်...အဲ့ဒီ့ Blood gangကတစ်ချို့.ဆိုရင်.Califronia က police officer တွေဆိုပဲ
တစ်ချို့တွေကြတော့လဲ တကယ်သတ်ချင်တာက 2pac နဲ့ Biggie မဟုတ်ဘူး..CEO တွေကိုသတ်ချင်တာလို့ ပြောကြတယ်..အဲ့ဒီ့ legend နှစ်ယောက်သေတာ ခြောက်လပဲခြားပါတယ်.. ၁၃ နှစ်လောက်ကြာပြီဖြစ်တဲ့ ဒီကိစ မှာခုချိန်ထိ မသိသေးတာက သူတို့ကိုဘယ်သူသတ်တာလဲ??? ဘာကြောင့် သတ်တာလဲ????
ဒါကကျွန်တော်သိသလောက် 2 pac နဲ့ Biggie အကြောင်းပါ...ထပ်တင်ပါဦးမယ် ... စာအုပ်ပြန်ဖတ်ရဦးမှာမို့ လို့.. :P PEACE OUT!!!!!
Cited from M.H.A Fan Club..
By PyaeSone
RSS Feed


0 Response to "THE TWO LEGENDS OF HIP HOP"
Post a Comment
Comment Here..