ကလေးအဖေဖြစ်တော့မယ့် NAS

Queens Bidge MC -Nas ဟာအင်တာနက်ဝက်ဘဆိုက်များမှတဆင့် သူ့ရဲ့ပရိသတ်များကို သူရဲ့မိန်းမ Kelis ကိုယ်ဝန်ဆောင်ထားပြီဖြစ်ကြောင်းကြေဌြာလိုက်ပါတယ်...။သူဟာ PhatFarm Clothing ကိုစတင်ခဲ့သူ Russell Simmons ရဲ့ဆိုက်တစ်ခု
ဖြစ်တဲ့ globalgrind.com ကနေတစ်ဆင့် သူ့ရဲ့ ကလေးသတင်းနဲ့ပတ်သတ်ပြီးဒီလိုဖောက်သည်ချခဲ့ပါတယ်.။
“I’m sure that y’all heard K is expecting. The internet seems to be more excited than I am. It’s crazy! I got too much to think about, and I didn’t wanna leave all my fans out the loop. But I wanted to let ya’ll know from me personally that I’m having my first SON!!!!!

ဒီ Hiphop Star စုံတွဲအတွက်ဒီကလေးဟာ ပထမဆုံးပါ..သူတို့၂ယောက်ဟာလွန်ခဲ့တဲ့ ၃နှစ်က Atlantaမှာလက်ထပ်ခဲ့ပြီးအတူနေခဲ့ကြပါတယ်..။
Nas ဟာဒီကလေးမတိုင်ခင်က သူ့ရဲ့ချစ်သူဟောင်း Carmen Bryan နဲ့ရရှိခဲ့တဲ့သမီးတစ်ယောက်ရှိပါတယ်.။


သူဟာအဲဒီစာမျက်နှာမှာပဲ...သူ့ရဲ့ အသစ်ထွက်ရှိလာမယ့်အယ်လဘမ်အကြောင်းပါပြောသွားခဲ့ပါတယ်.။
" ဒီအခွေကို Reggae ပညာရှင် Damian “Junior Gong” Marley နဲ့တွဲပြီး ဖန်တီးထားပါတယ်..။ဒီအခွေနဲ့ပတ်သတ်ပြီး Damian နဲ့ကျွန်တော်
၂ယောက်ပေါင်းပြီး သေသေချာချာဖန်တီးထားပါတယ်...ဒီအယ်လဘမ်ကိုနောက်မကြာခင် လအနည်းငယ်အတွင်းဖြန့်ချီနိုင်အောင်စီစဉ်နေပါတယ်၊
ဒီနွေမှာလဲ Tour တွေထွက်ဖြစ်မှာပါ "လို့သုကပြောသွားပါတယ်..။
MTV ကတွေ့စုံမေးမြန်းရာမှာတော့ သူကဒီအခွေနဲ့ပတ်သတ်တဲ့သူ့ရည်ရွယ်ချက်ကိုပြောပြခဲ့ပုံကတော့...ဒီအယ်ဘမ်ကို၂ယောက်ပေါင်းစည်း
ပြီးအရသာအသစ်တွေဖန်တီးရုံတင်မကပါဘူး...ဒီအယ်လဘမ်မှာ လမ်းမ၊ရပ်ကွက် နဲ့ အာဖရိကန် ရက်ဂေးဂီတတို့အကြောင်းတွေ.ကြားရမှာပါ..။
ဒီအယ်လဘမ်က ရရှိလာမယ့်အကျိုးအမြတ်တွေကနေ အာဖရိကမှာ ကျောင်းတွေတည်ဆောက်ပေးနိုင်အောင်ကြိုးစားသွားမှာပါ..။
ဒုက္ခတွေကြားကဘ၀တွေ..အောက်ခြေကဘ၀တွေကို..ထိပ်ကိုရောက်လာနိုင်အော..လူ့အရင်းအမြစ်တိုးတက်ကြီးထွားလာအောင်
တတ်နိုင်သလောက် ကူညီသွားမယ်လို့ သူကပြောသွားပါတယ်..။

0 Response to "ကလေးအဖေဖြစ်တော့မယ့် NAS"

Post a Comment

Comment Here..