အော်ပရာဝင်းဖရေးနီးပါးချမ်းသာတဲ့ 50 Cent
50 Cent ဟာ ဝင်ငွေအကောင်းဆုံး ဟစ်ဟော့အဆိုတော်ဖြစ်ရုံတင်မကတော့ပါဘူး ဖော့ဘ်စ်(Forbes)မဂ္ဂဇင်းအဆိုအရဒုတိယဝင်ငွေအမြင့်ဆုံး
အာဖရိကန်အမေရိကန်တစ်ယောက်လည်းဖြစ်ပါတယ်။ 50ဟာ၂၀၀၇ခုနှစ်ဇွန်လနဲ့ ၂၀၀၈ခုနှစ်ဇွန်လအတွင်းမှာ ခန့်မှန်းခြေဒေါ်လာသန်း၁၅၀ချပြနိုင်ခဲ့ပြီး
အော်ပရာဝင်းဖရေး(Oprah Winfrey)နောက်မှာ ဒုတိယချိတ်ခဲ့ပါတယ်။ အော်ပရာကတော့ တစ်ချိန်ထဲမှာပဲဒေါ်လာ၂၇၅သန်းဝင်ငွေရှိပါတယ်။အော်ပရာ
ဆိုတာနှယ်နှယ်ရရမဟုတ်ပါဘူး။၂၀ရာစုရဲ့ အချမ်းသာဆုံးနဲ့ တသက်တာပရဟိတစိတ်အရှိဆုံး အာဖရိကန်အမေရိကန်အဖြစ်သတ်မှတ်ခံရပါတယ်။
ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူမည်းသန်းကြွယ်သူဌေးလည်းဖြစ်ခဲ့ဖူးပါတယ်။ဗီတာမင်ဝါးတား(Vitamin Water)ရဲ့ ပင်မကုမ်ပဏီုကီးဖြစ်တဲ့
ဂလာရှော(Glacéau)က50ရဲ့ ရှယ်ယာတွေကို ကိုကာကိုလာက ဝယ်လိုက်ရာကနေ ဒေါ်လာသန်း၁၀၀ထောခဲ့တာပါပဲ။ သူ့ရဲ့နာမည်ကြီးဂျီယူနစ်(G-Unit)အမှတ်တံဆိပ်အဝတ်အစားနဲ့ ဖိနပ်တွေကနေလည်း ငွေတွေလှိမ့်ဝင်နေတာပါ ပါတယ်။ဖော့ဘ်စ်မဂ္ဂဇင်းရဲ့၂၀၀၈ခုနှစ်ဟစ်ဟော့ငွေရှင်ကြီးတွေ
ထဲမှာJay-Z၊ Diddy နဲ့ Rick Rossတို့ ရှေ့မှာ ဗိုလ်စွဲရလောက်အောင်လည်း သူ့ရဲ့ဒေါ်လာသန်း၅၀၀က စွမ်းလွန်းပါတယ်လေ။
ဟောဒါကတော့ဟစ်ဟော့သူဌေးကြီးအယောက်၂၀ရဲ့ နာမည်တွေပေါ့
- ၁။ 50 Cent - ဒေါ်လာသန်း ၁၅၀
- ၂။ Jay-Z - ဒေါ်လာ ၈၂ သန်း
- ၃။ Diddy - ဒေါ်လာ ၃၅ သန်း
- ၄။ Kanye West - ဒေါ်လာ ၃၀ သန်း
- ၅။ Timbaland - ဒေါ်လာ ၂၂ သန်း
- ၆။ Pharrell Williams - ဒေါ်လာ ၂၀ သန်း
- ၇။ Swizz Beatz - ဒေါ်လာ ၁၇ သန်း
- ၈။ Snoop Dogg - ဒေါ်လာ ၁၆ သန်း
- ၉။ Dr. Dre - ဒေါ်လာ ၁၅ သန်း
- ၁၀။ Ludacris - ဒေါ်လာ ၁၄ သန်း
- ၁၁။ T.I. - ဒေါ်လာ ၁၃ သန်း
- ၁၂။ Lil Wayne - ဒေါ်လာ ၁၃ သန်း
- ၁၃။ Eminem - ဒေါ်လာ ၁၂ သန်း
- ၁၄။ Common - ဒေါ်လာ ၁၂ သန်း
- ၁၅။ Akon - ဒေါ်လာ ၁၂ သန်း
- ၁၆။ Jermaine Dupri - ဒေါ်လာ ၁၁ သန်း
- ၁၇။ Lil Jon - ဒေါ်လာ ၁၁ သန်း
- ၁၈။ OutKast - ဒေါ်လာ ၁၁ သန်း
- ၁၉။ Chamillionaire - ဒေါ်လာ ၁၁ သန်း
- ၂၀။ The Game - ဒေါ်လာ ၁၁ သန်း
Cited from M.H.A Fan Club..
By G.emcee
RSS Feed


0 Response to "အော်ပရာဝင်းဖရေးနီးပါးချမ်းသာတဲ့ 50 Cent"
Post a Comment
Comment Here..