Hip Hop Festival
Hip Hop ပွဲတော်
Hip-Hopက မြန်မာနိုင်ငံမှာ ရှင်သန်ကြီးပြင်း လာတာ ၈ နှစ်သား လောက် ရှိသွားပြီ။ Acid အစ ဒီခေတ် ကလေးတွေအဆုံး။ ၂ဝဝဝ မှသည် ၂ဝဝ၈ အထိ Hip-Hop Music သည် ခဏတာ ငြိမ်သက် သွားတယ် ဆိုတာ မရှိ လောက်သကဲ့သို့ ရှားတယ်။ First Generation, Second Generation အပြင် အခုလက်ရှိ Third Generation အထိ လူငယ်ပရိသတ်ထု ပါအပြင် အရွယ် သုံးပါးအား ပေးကြတယ်။ Hip-Hop show များကလည်း ပွဲသွင်းမလောက် လာရောက် အားပေးမှု လည်းများတဲ့ presentation မျိုးဖြစ်လာတယ်။ ကျွန် တော် ပြောချင်တာက ရှင်းပါတယ်။ Hip-Hopကို လူတွေ ဘာလို့ကြိုက်လဲ၊ သီ ချင်းတွေ ကကောင်းလို့။ Current ပေါ်ရှိတယ်။ သီချင်း တွေက Realism ဖြစ်တယ်။ Theme တွေက တခြား Music တွေနဲ့ခွဲထွက်နေလို့ ကြိုက်ကြတယ်။
ဒီလို လူကြိုက် များတဲ့ Hip-Hop အဆို တော်တွေကို producer တွေက ပွဲသွင်းပြီး စီးပွား ရေးဆန်ဆန် လုပ်ကြတာရှိသလို Free Show တွေမှာ Mic ကတောင် အသံနိုင်နိုင် ထွက်ပြီး Rapping ရွတ်နေတဲ့လူငယ်တွေ လည်းရှိကြပါရဲ့ဗျာ။ ဒီလို Hip-Hop ကြီးကို လူအစုံ အကုန်နီးပါး သီဆိုတဲ့ show ပွဲကြီးကို ကြည့်ချင် လိုက်တာလို့တော့ ငယ်ငယ်က တည်းက ကျွန်တော် တို့ စိတ်ကူးမိပါတယ်။ တစ်ခေါက် တော့ ကြည့်ဖူးတယ်ဗျာ။ အချိန်တော့ မမှတ်မိ တော့ဘူး။ Rock တစ်ရက်၊ Hip-Hopတစ်ရက် Yuzana Garden မှာ ကျင်းပတာ။ Hip-Hop မှာ လူအစုံနီးပါပဲ။ ဒါပေမယ့် Third Generation လို့ ခေါ်ဆိုရမယ့် သူတွေ မပါဘူး။ ခုတော့ ကျွန်တော် သြဂုတ်လ ၃ ရက်နေ့မှာ ဆန္ဒပြည့်ဝ သွားခဲ့ရပါတယ်။ show ပွဲရဲ့နာမည်ကတော့ 'Hip-Hopပွဲတော်' ။ ရန်ပုံငွေပွဲ ဆိုလည်း မမှားပါဘူး။ ကိုတွိ (အနဂ္ဂ) နဲ့ ဂီတ အစည်း အရုံးတို့ ပူးပေါင်း တင်ဆက်တဲ့ပွဲပါ။ ပွဲအချိန်က ၁ နာရီလို့ကြေညာ ထားပါတယ်။ ကျွန်တော်လည်း နေ့လည် ၁ နာရီအရောက် တွေ့လိုက်ရ တဲ့လူငယ်တွေ အများစုကတော့ ဝတ်စုံပြည့် Coat တွေနဲ့ချည်းပါပဲ။ မအိုက်ကြဘူး ထင်တယ်။ နေလုံးကြီးက သူတို့ခေါင်းပေါ်။ ပြီးတော့ မြင်တွေ့ရတဲ့ Brand အများစုကတော့ Baby Milo တွေချည်းပဲ။ B4U နဲ့ Dream တို့ရဲ့ ဖောက်သည်လေးတွေ ထင်ပါ့။ ဒီပွဲရဲ့ Ticket price တွေက ၅ဝဝဝ နဲ့ ၈ဝဝဝ ကျပ်ပါ။ ၅ဝဝဝ တန်းမှာ မတ်တပ်ရပ်နဲ့ ထိုင်ခုံစီစဉ်ပေးထားပါတယ်။ ၈ဝဝဝ ကျပ်ဆိုရင်တော့အထူးတန်း ပွဲကြည့်စင်မှာပေါ့။ ဒါပေမယ့် Ground Floor (or) Chilling Floor မှာ လူငယ်တွေအပြည့်။ ဝတ်စုံပြည့်နဲ့ လုံခြုံရေး ဝန်ထမ်းအပြည့်။
ကဲ ပွဲစပြီ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်။ Presenter အဖြစ်နဲ့ အနဂ္ဂက စတင်ဖိတ်ခေါ်လိုက်သူကတော့ G.Family ။ သူတို့ရဲ့ Gangsta, Dow South Beat တွေနဲ့ လူငယ်တွေရဲ့စိတ်ကို စတင်လှုံ့ ဆော်လိုက်ပြီ။ အဆိုတော်တွေအားလုံး သီချင်း ၂ ပုဒ်စီပဲ ဆိုရပါတယ်လို့ တာဝန်ရှိသူတွေက ပြော ပြပါတယ်။ ဒါပေမယ့် နာမည်ကြီး၊ ပရိသတ်လက်ခံတဲ့ သူတွေကတော့ ၃၊ ၄ ပုဒ်လောက်တော့ ဆိုရတာပေါ့လို့လည်း ပြောပါတယ်။ ပြီးတော့ Too Big, Blue Berry တို့ အလှည့်မှာလည်း ပရိသတ်တွေရဲ့ အား ပေးမှုက အားရစရာပါ။ ဒီပွဲကို Live show ရိုက်တယ်လို့လည်းပြောတော့ Camera Man တွေကလည်း သူ့ အလုပ်နဲ့သူ ရှုပ်ပေါ့။ လင်းလင်းအလှည့် ရောက်လာ ပြန်တော့လည်း ပရိသတ်က အားပေး စမြဲပါ။ သူက First Generation လို့ ခေါ်ရမည့်သူကိုး။ သီချင်းအေး ၂ ပုဒ် ဆိုပြီး သူ့အလှည့်ပွဲပြီး သွားခဲ့ပါတယ်။ ဒီပွဲရဲ့ ထူးခြား၊ အံ့အားသင့် မှုတစ်ခုကို ကျွန်တော် တွေ့လိုက်ရပါတယ်။ ပွဲမစ ခင် ကျွန်တော်နဲ့ စကားတွေ ပြောဖြစ် ကြတာက ထွန်းထွန်း (Examplez) ။ သူကတော့ Ready ပဲ။ အရမ်းပျော် နေတယ်ပေါ့။ တကယ် သူတို့အလှည့် လည်းရောက်ရော ပရိသတ်တွေ အားပေး မှုက ကြောက်ခ မန်းလိလိပါ။ Show ဆိုတာ သိပ်မမြင်ရတာကြာလို့ လားမသိ။ အကြင်နာတွေ မိန်းကလေးတွေက ပိုလို့လား မသိ။ ထွန်းထွန်း၊ ထူးကျော်၊ ဖြိုးမောင်မောင်တို့ရဲ့ Examplez ဟာ နေရာတစ်နေရာ အခိုင်အမာ လုံးဝရှိနေ သေးတယ်ဆိုတာ မလွဲမသွေပါ။ အနဂ္ဂနဲ့ ဘာဘူတို့အတွဲ ကို ဖိတ်ခေါ်ပေးသူက စိုင်းစိုင်း။ ဘာဘူ နဲ့ Free-style 8 bars ကိုလည်း လက်တန်း ပရိသတ်ရှေ့ သီဆိုပြခဲ့လို့ အကြိုက်တွေ့ခဲ့ရပါတယ်။ အနဂ္ဂရဲ့ တူကလေးလည်း စင်ပေါ်မှာ တွေ့ရသလို နောက်ပိုင်း ကိုတွိရဲ့ညီ ဇာနည်ကိုလည်း ပွဲထုတ်လာတာတွေ့ ရပါတယ်။
ဒီပွဲမှာ ကိုတွိတို့အလှည့် မတိုင်ခင် ထူးခြားမှုတစ်ခုကို အနဂ္ဂက ကြေညာခဲ့ပါတယ်။ Cyclone အဖွဲ့ ပြန်ဆိုမယ် လည်း ဆိုရော လူငယ် အင်အားစုက အော်ဟစ် အာပေး လိုက်ကြတာများ သုဝဏ္ဏကွင်းက မှန်တွေ လွင့်စင်ကွဲ ထွက်သွားမတတ်။ Cyclone အလှည့် လည်းရောက် ရော ပရိသတ်နဲ့ မတွေ့တာ တစ်ကြောင်း၊ အရမ်းပျော်ရွှင်မှု ရနေတာက တစ်ကြောင်း၊ ပရိသတ်နဲ့ အပေးအယူ မျှခဲ့တဲ့ အဖွဲ့ဖြစ် ခဲ့ရပါတယ်။ Cyclone နဲ့အတူ ပရိသတ်ရှေ့က ပျောက်နေတဲ့ သူလည်း ပြန်ပေါ်လာခဲ့ တယ်။ သူက Bigg-Y ၊ ရဲလင်းအောင်၊ စင်္ကာပူမှာ ပညာ သွားသင်နေလို့ ပရိသတ်ရှေ့ ပျောက်နေခဲ့ရတယ်။ သူလည်း Cyclone အဖွဲ့နဲ့ အတူ သီချင်းတစ်ပုဒ် သီဆိုသွားခဲ့တယ်။ မိန်းကလေး အဆို တော် ဖြစ်တဲ့ သဇင့်အလှည့် မှာလည်း ထွန်း ထွန်းနဲ့ ယုန်လေးက ပါဝင်ကူညီသီဆို ပေးကြပြီး ယုန်လေးကလည်း တစ်ကိုယ် တော်သီ ဆိုခဲ့ပါ သေးတယ်။ 'အချစ် အတွက် ကံမကောင်းခဲ့သူ' သီချင်း သီဆိုမှုမှာ Seng Ze မပါလာခဲ့လို့ဆိုပြီး presenter လာရောက်လုပ်ပေးတဲ့ သရုပ်ဆောင် ဆုပန်ထွာနဲ့ တွဲဖက်သီဆို သွားပါတယ်။ ဆုပန်ထွာရဲ့ အသံကိုလည်း ပရိသတ်တွေ အားပေးကြပါတယ်။ ပြည့်ဖူးခိုင်ရဲ့ အလှည့် မှာလည်း ပရိသတ် လက်ခံအားပေး ကြသလို Jenny နဲ့ Dee Dee အတွဲ ကိုလည်း ပုရိသတွေရဲ့ အော်ဟစ်အားပေးသံ တွေနဲ့ အပြည့်ပေါ့။
အဖွဲ့သစ်ဖြစ်တဲ့ Radiant Family ကိုလည်း ပရိသတ်တွေ လက်ခံ အားပေး ကြသလို၊S.Z ရဲ့ သီဆို ဖျော်ဖြေမှု မှာလည်း ပရိသတ်တွေ Down South Beat တွေနဲ့ မြောက် တက်ခွင့်ရ ခဲ့ပါသေးတယ်။ လင်းရာနဲ့ သီဆိုမှု မှာလည်း အနဂ္ဂနဲ့ Jenny တို့ တစ်ယောက် တစ်လှည့် ပါဝင်ကူညီသီဆို ပေးခဲ့ ကြပါ သေးတယ်။ ပရိသတ်တွေ ဝင်လာကတည်းက နာမည်တစ်ခုကို အော်နေ တယ်။ သူ့နာမည်က 'ဂျောက် ဂျက်'။ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Ah-Boy ၊ ထိန်ဝင်းတို့ရဲ့ VIP Family လည်း လာရော ပရိသတ်တွေ ဝက်ဝက်ကွဲ အားပေး ကြတာ ပျော်ရွှင် စရာ Hip-Hop ကမ္ဘာကြီးပေါ့။ သုဝဏ္ဏ မိုးလုံလေလုံ ကွင်းကြီး ထဲ V.I.P အဖွဲ့ ကို အားပေးမှုကို မျက်ဝါးထင်ထင် တွေ့ ခဲ့ရတယ်။ သူတို့လို အားပေးခံ၊ ပရိသတ်မျှော်နေတဲ့ Family တစ်ခုက ဗျောက်အိုး။ ချမ်းအေးဝင်းနဲ့ စဖွင့်ပြီး ဘိုလေးတက်လာတယ်။ သူတို့ နှစ်ယောက် 'အရူးမတစ်ယောက် အကြောင်း' ဆိုပြီးရော ရသလည်း တက်လာခဲ့တယ်။ Ah- O!! ပရိသတ်တွေ တော်တော်ကို လှုပ်လာပြီ။ သင်္ဃန်းကျွန်း သား လေးထောင့် ကန်လမ်းမ ပေါ်နေ ရသက သူ့အပိုင်းမှာ သူ ကောင်းကောင်း သီဆို အစွမ်းပြသွားပါတယ်။ Hip-Hopလောကအတွက်နဲ့ တက်လာခဲ့သူ ကတော့ ရဲလေး။ ရဲလေးအလှည့်ပါလည်း မိန်းက လေးပရိသတ်တွေအပြင် Rapper လေး တွေပါ လက်ခံအားပေးကြတာ ပျော်စ ရာကြီးပါ။ ၄ ယောက်ပေါင်းပြီး Fire Cracker သီချင်းများကို သီဆိုပြီး ကြပြီး ပရိသတ်တွေ ထပ်အော်နေတဲ့သူ က "J-Me" စထွက်လာတဲ့သူက Cho Cho (on track) ၊ Bigg-Y၊ ချစ်စိုးအပြင် ကြက်ဖနဲ့ J ကြီး(J-Me) တို့ ပါလာရောProject-1 Family ကြီး ပြည့်စုံသွားပြီ။ 'ကဲသာကဲ' ရဲ့ J ကြီးဖျော်ဖြေမှုကို ပရိသတ်ရဲ့ အားပေးမှုက ကြောက်စရာကြီး ပါ။ ကြက်သီးတောင်ထမိတယ်ဗျာ။ ပြီးတော့ ကြက်ဖရဲ့ 'မိုက်ခဲ' on track ရဲ့ "Microphone" ချစ်စိုးရဲ့ 'အေး ဆေးပဲ' သီချင်းတွေကိုလည်း ပရိသတ်တွေ တက်ကြွစွာ မမောမပန်း အားပေးကြပုံများ။ စာဖတ်ပရိသတ်တွေ မြင်စမ်းကြည့် စေချင်ပါဘိ။ Family အဖွဲ့က သိန်းလင်းစိုးကလည်း ပရိသတ် အနားရ သွားပြန်ပါတယ်။ Rebecca ရဲ့ '၁ဝ စက္ကန်' ထဲက သီချင်း၂ ပုဒ်ကို ပိုင်နိုင်စွာ သီဆိုသွားမှုကလည်း ပရိသတ်တွေ ကျေ နပ်ခဲ့ရပါတယ်။အားလုံးမျှော်လင့်နေတဲ့သူ မလာခင်သီဆိုသူကတော့ Lil ကောင်း မြတ်။ K - Family အကအဖွဲ့နဲ့အတူ သီချင်းဆိုပြီး 'မျောလွင့် နေတဲ့တိမ်' Original Version ကို နားထောင် ခဲ့ရပါတယ်။ သူဆင်းသွားခါနီး ပြောသွားတာက 'ခင်ဗျား တို့မျှော်နေတဲ့ သူငယ်ချင်း ဟောင်းကြီး လာပြီ' လည်း ဆိုရော 'ဟေး' ခနဲပေါ့။ ထွက်လာသူ က သီရိဆွေ။ သီရိဆွေနဲ့အတူ စင်ပေါ်တက်လာ တာကတော့ စိုင်းစိုင်း။ စိုင်းစိုင်း အလှည့်လည်း ရောက်ရော ပရိသတ် တွေ အုံးအုံးကြွကြွ ဖြစ်လာခဲ့ပါတယ်။ 'ဖုတ်လှိုက်ဖုတ်လှိုက်' နဲ့အတူ 'မိုက် တယ်' သီချင်းတွေ ကို Urainum အက အဖွဲ့နဲ့အတူ သီဆိုသွားပါတယ်။ John မလာနိုင်လို့ 'တောဂေါ်လီ' သီချင်းကို တစ်ယောက်တည်း သီဆိုသွားပါတယ်။ စိုင်း စိုင်းသည် ပွဲသိမ်းသီဆိုသူဖြစ်နေကျဆို တာက တစ်ကြောင်း၊ presenter ရဲ့ အားနည်းမှုကတစ်ကြောင်း၊ ငယ်ငယ် သီဆိုမှု ပရိသတ်တွေ ၃ ပုံ၊ ၂ ပုံလောက် တတိတိနဲ့ ပြန်သွားကြတယ်။ သုဝဏ္ဏ မိုးလုံလေလုံ ကွင်းကြီးရဲ့ မီးတွေလည်း ဖွင့်လိုက်ရော။ လင်းထိန်သွားရောပေါ့။ ငယ်ငယ်နောက်မှာ သီဆိုရမှာက မျိုး ကျော့မြိုင်။ ပရိသတ်တွေကလည်း မရှိနဲ့ ဆိုတော့။ စင်ပေါ်ကို အနဂ္ဂ၊ ရဲလေး၊ စိုင်း စိုင်းတို့ ပြန်တက်လာရပြီး ပရိသတ်ကို ပြန်ခေါ်တဲ့ အနေအထားရောက်သွားရပါပြီ။ မျိုးကျော့မြိုင်ကိုတော့ လက်ကျန်ပရိ သတ်အနည်းစုကပဲ အားပေးကြပါတယ်။ ဒီလိုဖြစ်ခြင်းက ဘယ်သူအားနည်း တာလဲဆိုတာတော့ မပြော တတ်တော့ပါ ဘူးဗျာ။ ကိုမျိုးကျော့မြိုင်လည်း တော် တော်စိတ်ညစ်သွားခဲ့ရပုံပဲ။ ဒါပေမယ့် ပရိသတ်တွေအားပေးကြပြီး ပျော်ပျော် ရွှင်ရွှင် သြဂုတ် ၃ ရက် Hip-Hopပွဲတော်ကြီးကိုလိုက်ကာချခဲ့ရပါတယ်။ ပွဲပြီးတော့ လူငယ်တွေက သုဝဏ္ဏကွင်း ရှေ့မှာအပြည့်။ ကိုယ်ပိုင်ကားနဲ့သူက တစ် မျိုး၊ Taxi ငှား မရလို့ ပလက်ဖောင်းပေါ် တန်းစီထိုင်တဲ့သူက ထိုင်နဲ့ သုဝဏ္ဏကွင်းရှိ သြဂုတ် ၃ ရက်နေ့ ည 7:45 အချိန်ဟာ ကားလမ်းပိတ်ဆို့မှုကြီးပါ။ Peace !!!
(P.Sး ဤရေးသားမှုသည် အဆိုတော် ဖျော်ဖြေသီဆိုမှု အစဉ်လိုက် တကျ မရှိပါ။ ရေးသားသရုပ်ဖော်ခြင်းသာ ဖြစ်သည်)
SyNe-Ag
Cited from Alinkar.com...
RSS Feed

