မြန်မာနဲ့Hiphop (၁၉၉၀-၁၉၉၅) -အပိုင်း(၂)

မြန်မာနဲ့Hiphop (၁၉၉၀-၁၉၉၅) -အပိုင်း(၂)

့မြန်မာပြည် MC ပိုင်းမှာတော့အစောဆုံး ဦးဆောင်ခဲ့သူကတော့ ၁၉၉၀ခုနှစ်မှာ“မိုးတွေရွာနေချိန်ချိန်ခဏ” နဲ့ မြန်မာတွေကိုRap ဆိုတာဘယ်လို ဆိုတာမိတ်ဆက်ပေးခဲ့သူ..အသံဖမ်းင်္အဂျင်နီယာ မျိုးကျော့မြိုင်ပါ.. ဒီအယ်လဘမ်ကို သူအသက် ၁၇ နှစ် ၁၉၈၇ မှာစတင်ဖန်တီး ခဲ့ပါတယ်။ a သူရဲ့ဒီ အယ်လဘမ်ထဲမှာဂျေမောင်မောင်ရဲ့ Hit ဖြစ်ခဲ့တဲ့ကျွန်တော်မကောင်းဘူး သီချင်းကို Remix လုပ်ပြခဲ့ပါတယ်။ အခုချိန်ထိ အောင်မြင်နေဆဲ Rapအချစ်သီချင်းဖြစ်တဲ့ “ဘာစတေးရမလဲ” ဟာဒီအယ်လဘမ်မှာပါဝင်ခဲ့ပါတယ်.. ၊HumanBeatbox သံနဲ့ဂီတကိုလဲ “အလုပ်သိပ်များနေတယ်” ဆိုတဲ့Blues ဂီတဆန်တဲ့သီချင်းမှာဖန်တီးပြခဲ့ပါတယ်။ ကိုမျိုးကျော့ရဲ့ဒီ အယ်လဘမ်ဟာ တစ်ခွေလုံး Rap သီချင်းတွေ အပြည့်မပါခဲ့ပေမယ့် မြန်မာလူငယ်တစ်ယောက်အနေ နဲ့ ဒီနိုင်ငံကို ဂီတသစ်တစ်ခုအနေနဲ့ Music Arrangement ကအစ လုံးဝအသစ်တွေနဲ့ တင်ဆက်ပြသခဲ့ပါတယ်..။

ဒီအယ်လဘမ်ဟာ မြန်မာတစ်ပြည်လုံးအတိုင်းအတာ အနေနဲ့မအောင်မြင်ခဲ့ပေမယ် ရန်ကုန်မြို့မှာတော့သူဟာ လေးစား ရမယ့် လူငယ်ဂီတ ပညာရှင်အဖြစ်အသိအမှတ်ပြုခဲ့ကျရပါတယ်.. သူဟာဒီနေ့အောင်မြင်နေတဲ့မြန်မာHiphopလောက ရဲ့ ဦးဆောင်သူ Pioneer တစ်ယောက်ဆိုတာဘယ်သူမှ မငြင်းနိုင်ပါဘူး..။သူနောက်ပိုင်းမှာ Rap ဆန်တဲ့ သီဆိုမှူမျိုးလိုက်လုပ်နိုင်ခဲ့တဲ့သူမရှိခဲ့ပါဘူး..။ {စိုးလေး၊ဘရိတ်ကီတို့Rapဆိုခဲ့ပေမယ့်ကိုယ်ပိုင်ဖန်တီးမှူ၊ကိုယ်ပိုင်အရည်အချင်းနဲ့ဖန်တီးသူများမဟုတ်လို့ ချန်လှပ်ထားခဲ့ပါတယ်}။

ကိုမျိုးကျော့ဟာသူ့မိတ်ဆွေ Virus3(Bass- ခင်မောင်သန့် ၊ Drum- မရခိုင်၊ Keyboard- အောင်ဒူး) တို့နဲ့အတူ ဒီ ယဉ်ကျေးမှူကို မြန်မာတွေနား နဲ့ရင်းနှီးအောင်လုပ်ပြခဲ့ပါတယ် ။DrumLooping,KeyBoard Synthesizer တွေနဲ့ လူငယ်ဂီတသစ်ကိုဦးဆောင်ခဲ့သူ အဖြစ်ဒီနေရာကနေမှတ်တမ်း လိုက်ပါတယ်။ (မျိုးကျော့မြိုင်ရဲ့ ဖန်တီးမှူတွေကိုအချက်အလက်ပြည့်ဆုံစွာနဲ့မှတ်တမ်းဖော်ပြတင်နိုင်အောင်ကြိုးစား ပါဦးမယ်) ဒီLink ကတော့ မျိုးကျော့မြိုင်ချစ်သူတွေအတွက်ပါ ..www.myokyawtmyaing.blogspot.com

Graffiti နဲ့ DJ အပိုင်းမှာကတော့ ၉၅မတိုင်ခင်အထိလှုပ်ရှားမှူများ မှာတစ်ဦးတယောက်ချင်းကလွဲပြီး ကျယ်ကျယ်ပြန့်ပြန့်လှူပ်ရှားမျိုးမရှိခဲ့ပါဘူးထင်ပါတယ်။အကယ်လို့ကျွန်တော်ထက် အသက်ကြီးပြီး သိမှီခဲ့သူများ ရှိခဲ့ပါက ဒီနေရာမှာပြန်လည်ဖော်ထုတ်ပေးဖို့ ကျွန်တော်မေတ္တာရပ်ခံရင်း နိဂုံးချုပ်လိုက်ပါတယ်..။

ကြိုးစားလျက်..

0 Response to "မြန်မာနဲ့Hiphop (၁၉၉၀-၁၉၉၅) -အပိုင်း(၂)"

Post a Comment

Comment Here..