ရသရဲ့တကယ့်ပုံစံအစစ်
Single ခွေကို မှတ်တမ်းလေးဖြစ်စေချင်ပြီး အခွေထွက်ဖြစ်အောင် လုပ်နေတာသက်သက်မဟုတ်ဘဲအကောင်းဆုံးဖြစ်အောင် သမိုင်းကြောင်း ကောင်းအောင်ရွေးပြီး ကြိုးစားနေတယ်ဆိုတဲ့ ရသက သီချင်းပုံစံကိုလည်း
သူ့ ပုံစံပေါက်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။
အရင်တုန်းကတော့သူကြိုက်သလိုပုံစံတွေနဲ့ဆိုတတ်ပေမယ့်အခုလုပ်မယ့်
သူ့ရဲ့ တစ်ကိုယ်တော်ခွေမှာတော့ တစ်ခွေလုံး ကိုယ်တိုင်ရေး၊
ကိုယ်တိုင်တီးပြီးသူ့ရဲ့တကယ့်ပုံစံအစစ်၊သူအကြိုက်ဆုံးပုံစံတည်ထားပြီးတစ်သက်လုံး ဒီပုံစံနဲ့ပဲ သွားတော့မယ်လို့ ပြောပါတယ်။ သူတို့နိုင်ငံက Hip Hopသမားတွေမှာ
အငယ်ဆုံးအသက်၃၀ကျော်ဝန်းကျင်တွေရှိတတ်ကြပြီး အိမ်ထောင်ရှိသူ၊ ကလေးရှိသူတွေလည်း အဖြစ်များတဲ့အတွက်ဘဝအကြောင်းတွေအဆိုများတယ်။ အချစ်နဲ့လည်းအဲလောက်ကြီးပတ်သက်စရာမရှိတာလည်းပါတာလို့
ရသက ဆိုသလို တကယ့်ဘဝဆိုတာ ကလည်းအရှိတရားပါပဲ။ ဒါကြောင့်လောလောဆယ် ကြုံတွေ့နေရတဲ့
အရှိတရားကိုပဲ ရေးချရမှာ ဖြစ်ပြီး အတင်းလုပ်ယူရေးထားတာမျိုးမပါဘူးလို့လည်း သဘောတရားကို ရှင်းပြခဲ့ပါတယ်။သူ့ရဲ့အခွေထဲက
သီချင်းပုံစံရေးဖွဲ့ပုံလေးတွေကိုမေးတဲ့အခါမှာ“အဲဒီသီချင်းတွေထဲမှာကျွန်တောနဲ့ပတ်သက်တဲ့အကြောင်းတွေအကုန်လုံး၊ ကျွန်တော်နဲ့ မပတ်သက်ပေမယ့် လူအများစုနဲ့ ပတ်သက်တာတွေရေးထားတယ်။ရပ်ကွက်ဈေးထဲက အကြောင်းတွေလည်းပါမယ်။ အချစ်သီချင်းကတော့ အခြေအနေနဲ့ အသက်အရွယ်အရ ကလေးဆန်သွားမှာစိုးလို့ အရင်ကလောက် ဆိုလို့မကောင်းတော့ဘူး။ ဒါပေမယ့်အချစ်သီချင်း တစ်ပုဒ်လည်းပါမယ်” လို့ ဖြေပါတယ်။ဘဝတွေက အများကြီးပါပဲ။ ကိုယ့်ဘဝ မဟုတ်ရင်တောင် သူများဘဝတွေကို ကြည့်ပြီးရေးရတဲ့ ရသတို့အတွက် အဓိကကဖြစ်အောင် ကြည့်တတ်ဖို့ပါပဲတဲ့။ Singleအတွက် သီချင်းတွေ လုပ်ထားတာ ၂၆ပုဒ်ရှိပြီး လုံးဝမရွေးတော့ဘဲအားလုံး ဆန့်အောင်ထည့်ဖို့ စဉ်းစားထားပါသတဲ့။ သီချင်းအင်အားက တကယ်ထုတ်မယ်ဆိုရင် နှစ်ခွေစာ ထုတ်လို့ရတဲ့အတွက် အားလုံးက ဝိုင်းနှမြောနေကြပေမယ့် ရသကတော့ သူ့ရဲ့ အတ္ထုပတ္တိကို
စာအုပ်ထုပ်သလိုပုံစံမျိုး မှတ်တမ်းလေး ရှိသွားစေချင်လို့ အားလုံးထည့်ပေးမှာပါလို့ သူ့စိတ်ကူးကို ဖွင့်ပြခဲ့ပါတယ်။စီစဉ်သူကတော့ ကိုကျော်(EZY)လို့ဆိုပါတယ်။ အကောင်းဆုံးမှတ်တမ်းဖြစ်တဲ့အတွက် ဒီနှစ်မှာ ပရိသတ်နဲ့ထိတွေ့စေမှာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
RSS Feed


0 Response to " "
Post a Comment
Comment Here..